Saturday, March 26, 2016

" တာဝန်ခံမှုမရှိသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် #ကျောက်မီးသွေးလောင်စာသုံး MCLဘိလပ်မြေစက်ရုံ ဖွင့်လှစ် "

မတ်လ ၂၆ရက် ၂၀၁၆

ကျိုက်မရောမြို့နယ်တွင် ဆောက်လုပ်ထားသော MCLဘိလပ်မြေစက်ရုံအား . . .

ပြည်သူဆန္ဒမပါ.ပြည်သူသဘောမတူ.ပြည်သူမျက်နှာမကြည်သူများ၏လုပ်ဆောင်မှု . . .

၂၆.၃.၂၀၁၆နံနက်၉နာရီတွင်ကျိုက်မရောမြို့နယ်ကော်ပနော်ကျေးရွာအနီးSCG/MCLဘိလပ်မြေစက်ရုံအားမွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ဖွင့်လှစ်ခဲပါသည်။

ဒေသခံ၄၀၀၀ကျော်ကန့်ကွက်နေသည်ကြားက
ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓာတ်အားပေစက်ရုံကြီးလည်ပတ်နေပါပြီး.မိမိ၏အကျိုးစီပွားကိုအလေးထားပြီး.ဒေသခံဆန္ဒကိုအလေးမထား လုပ်ချင်တာ လုပ်လို့ရနေပါတယ်။

MCLဘိလပ်မြေစက်ရုံကြီးအား မကြာခင်
ပြင်းထန်စွာကန့်ကွက်ဆန္ဒပြခံစားရတော့မည်။

သဘာဝပတ်ကျင်းများထိခိုက်ခြင်း . . .

သယံဇတများပျက်စီးခြင်း . . .

အထ္ထရံမြစ်ကြီးပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရပါတော့မည်။

မိုင်၁၀၀ပတ်လည်က ဒေသခံတွေနဲ့ သားငါးတိရိတ္ဆာန်တွေ ဒုက္ခရောက်တော့မှာ
ဖြစ်ပါသည်။

ထို့ကြောင့် #အပြင်းအထန်ရှုပ်ချပါသည်။

By - #ကျိုက်မရော/မုဒုံ သတင်းစုံ

Tuesday, March 22, 2016

ကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း

23.3.2016
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ရေလုပ်သားများ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်လျှက်ရှိသော အတ္ထရံ မြစ်တွင် ပြဿနာများဖြစ်ပေါ်လာပါက အတူတကွဖြေရှင်းနိုင်ရန် ‘မိခင်အတ္ထရံ ရေလုပ်သားအသင်း’ ကို မတ်လ (၂၂) တွင် ကျိုက်မရောမြို့၊ အတ္ထရံခန်းမတွင် ဖွဲ့စည်းခဲ့သည်။

မိခင်အတ္ထရံ ရေလုပ်သားအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က “ကျွန်တော်တို့ အခုကြုံတွေ့နေရတာက ဒီ MCL ကုမ္ပဏီက သင်္ဘောတ္ပွေပါ။ သင်္ဘောတွေကို မြန်နှုန်းမြင့်နဲ့မောင်းနေတယ်။ မြန်တော့ လှိုင်းကြီးလာတယ်။ အဲဒီ တော့ ကျွန်တော်တို့လှေငယ်တွေ မြုပ်သွားတယ်။ ဒီသင်္ဘောတွေ အတတ်နိုင်ဆုံး အနှေးဆုံးနှုန်းနဲ့ မောင်းပေး နိုင်ဖို့အတွက်နဲ့ ပြဿနာဖြစ်လာရင်လည်း ရေလုပ်သားတွေ အတူဖြေရှင်းနိုင်ဖို့ ဒီအသင်းကို ဖွဲ့စည်းရခြင်း ဖြစ် တယ်” ဟု ဆိုသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သင်္ဘောများ မြစ်အတွင်းမြန်နှုန်းမြင့် သွားလာခြင်းကြောင့် လှေငယ်များ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

မိခင်အတ္ထရံ ရေလုပ်သားအသင်း ဘဏ္ဍာရေးမှူး ကိုမြတ်မိုး က “MCL ပစ္စည်းတင်သင်္ဘောကြောင့် ကျွန်တော်တို့ ပိုက်မျှောရတဲ့အချိန် နှောင်နှေးတယ်။ သင်္ဘောကြီးတွေ မောင်းနှုန်းမြန်တော့ လှိုင်းတွေကြီးစေတယ်။ အဲဒီလှိုင်းကြောင့် စက်လှေငယ်တွေ လည်း နစ်မြုပ်ခဲ့သလို ပိုက်တွေလည်းကွဲဖူးတယ်။ လှေတောင် ဝမ်းဗိုက်ကွဲပြီးမြုပ်ခဲ့ဘူးတယ်။ ဒီကိစ္စကို ကျွန် တော်တို့ အထက်ထက်ကိုတင်ပြသော်လည်း တရားဝင်အသင်းအဖွဲ့မရှိတော့ ထူးမလာဘူး” ဟု ဆိုသည်။

ကျိုက်မရောမြို့တွင် ယခင်က ရေလုပ်သားအသင်းအဖွဲ့ ရှိခဲ့သော်လည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိခဲ့ပါ။ ယခု ‘မိခင် အတ္ထရံ ရေလုပ်သားအသင်း’ ကို သက်ဆိုင်ရာအစိုးရဋ္ဌာနတွင် တရားဝင်မှတ်ပုံတင်သွားမည်ဟု ဆိုသည်။
မိခင်အတ္ထရံ အသင်းအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် (၉) ဦးနှင့် ဖွဲ့စည်းထားပြီး တရားဝင်အသင်းအဖွဲ့မှတ်ပုံတင် နိုင်ရန်အတွက် အလုပ်အမှုဆောင်ကော်မတီဝင်အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းလျှက် ရှိသည်။

MCL သင်္ဘောသွားလာခြင်းကြောင့် လှေငယ် အစီး (၂၀) ခန့် နစ်မြုပ်ခဲ့၍ ထိုမြုပ်သွားသော လှေပြဿနာနှင့် တခြားကိစ္စများကို ညှိ့နှိုင်းဖြေရှင်းနိုင်ရန် လာမည့် မတ်လ (၂၄/၂၅) ရက်တွင် MCL ဘိလပ်မြေ ကုမ္ပဏီ တာဝန်ရှိသူနှင့် မိခင်အတ္ထရံအသင်းအဖွဲ့တို့ ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ တွေ့ဆုံကြမည်ဟု သိရသည်။

#မွန်သတင်းအေဂျင်စီ
ရေးသားသူ -#မွန်ထော

ပုံ - မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်းစဉ်

Wednesday, March 9, 2016

"တမူးခရိုင်​အတွင်းမှ အိန္ဒယနိုင်​ငံသို့ ကျွန်းသစ်​များ ခိုးထုတ်​"

10.3.2016
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ်တွင်မြန်မာ့ကျွန်းသစ်များကို
အိန္ဒိယသို့တရားမဝင် သစ်ခိုးရောင်းချနေပါတယ်။

အဆိုပါသစ်ခိုးမူမှာ အကြီးစားသစ်ခိုး
မှုဖြစ်ပြီး ကျွန်းတုံးများလည်းပါဝင်ပါတယ်။

ကားများဖြင့်နေတိုင်းခိုးထုတ်နေပြီး
မြို့နယ်ဦးစီးတွေရဲတွေသစ်တောဌာကတွေသိပေမဲ့လိုင်းကြေးပေးဆောင်ထားသောကြောင့်ခွင့်ပြုထားတာဖြစ်ပါတယ်။
မြို့နယ်ရဲများသိသော်လည်းအရေးယူဆောင်ရွက်ခြင်းမရှိပါထို့ကြောင့်နေပြည်တော်အထိတိုင်ကြားပေးပါကျေးဇူးတင်ပါသည်။

၎င်းလတ်စားမူကိုစုံးစမ်းစစ်ဆေပြီးအပြစ်ပေး
နိုင်ပါရန် တိုက်တွန်းလိုက်ရပါသည်။

#မူရင်းပေးပို့လာသူအား ကျေးဇူးအထူးတင်ရှိပါသည်။
Credit:#Admin(ကျိုက်မရော/မုဒုံသတင်းစုံ)

Friday, March 4, 2016

"#မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ နိုင်လှအောင်မှ ပြည်သူ နှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်"

မတ်လ ၄ရက် ၂၀၁၆

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ
နိုင်ရှောင်၏တပြည့် ငွေကြေးတာဝန်ခံ နိုင်လှအောင်သည်
၎င်းနှင့် အတူ စီးပွားရေး လုပ်သော  ဦးစောလှမင်း နှင့်
မနန်းဆိုင်းခမ်း တို့အား ငွေကြေးကိစ္စစကား
များရာမှ  သုံးဆူ မြို့ ရာဘာခြံ အနီး သေနတ်
ဖြင့်  ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း

ဦးစောလှမင်း မှ ခြေထောက်တွက် သေနတ်
တစ်ချက်  လက်မောင်းတွင် သေနတ်တစ်
ချက် ထိ မှန်ဒဏ်ရာရခဲ့ပြီး   ထွက်ပြေး
လွတ်မြောက် ခဲ့ပြီး
မနန်းဆိုင်းခမ်း မှာ ဦးခေါင်းတွင် သေနတ်
ဒဏ်ရာ တစ်ချက် ထိမှန်ပြီး နေရာတွင်
ပင် သေးဆုံးခဲ့ကြောင်းသိရပါသည်။

၎င်းပစ်ခတ်သတ်ဖြတ်သူ  နိုင်လှအောင်အား
ဘုရားသုံးဆူနယ်မြေခံ ရဲစခန်းမှ (ပ ၅/၂၀၁၆)
ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

Edit By :#Admin

Thursday, March 3, 2016

မွန်ပြည်နယ်တွင် နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၄၀ နီးပါးဖြစ်ပွား၊ လူ ၅၀ ကျော်သေဆုံး

3 March 2016
မွန်ပြည်နယ်၌ ယခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၃၈ မှုဖြစ် ပွား ခဲ့ပြီး အဆိုပါဖြစ်ပွားမှုများမှ လူဦးရေ ၅၀ ကျော်သေဆုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်း ဒုတပ်ဖွဲ့ စုမှူးရုံး ထံမှ သိရသည်။

နှစ်လအတွင်း မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်၌ ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ် မတော်တဆမှု ၇၀ ၊ မော်တော်ယာဉ် မတော်တဆမှု ၆၄ မှု နှင့် ထော်လာဂျီယာဉ်မတော်တဆမှု ၄ မှုဖြစ်ပွား ခဲ့ပြီး လူ ၅၇ယောက်သေဆုံး၍ ၂၁၃ ယောက်ဒဏ်ရာရရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၅၈သိန်းကျော် ရှိခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကယ်စီးရာတွင် ဦးထုပ် မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ အရက်သေစာသောက်စား၍ သတ်မှတ် အရှိန်ထက် ပိုမောင်းနှင်ခြင်း နှင့် စည်းကမ်းမရှိ မဆင်မခြင်မောင်းနှင်ခြင်းများကြောင့် မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွား လာခြင်းဖြစ်ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ထို့ကြောင့် ယာဉ်မတော်တဆမှုလျော့နည်းစေရန် မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ပတ်သက်သော ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့အပြင် နှစ်အလိုက် ယာဉ်မ တော်တဆဖြစ်ပွားမှု ဇယားများကို မြို့နယ် လမ်းဘေးများတွင် ပြည်သူများသိရှိစေရန် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

၂၀၁၅ ခုနှစ် အတွင်း မွန်ပြည်နယ်တွင် မော်တော်ယာဉ်မတော်တဆမှု၂၆၃ မှု၊ ဆိုင်ကယ်ဖြင့်ဖြစ်ပွားမှု ၃၅၆မှု၊ ထော်လာဂျီယာဉ်ဖြစ်ပွားမှု ၂၆မှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၂၆၆ယာက်၊ ဒဏ်ရာရသူ ၁၁၀၂ ယောက် ရှိခဲ့သည်။

Written by – ဟိန်းထက်
Credit :‪#‎HintharMedia‬

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးကာ ဒဏ်ငွေရိုက် ၍ လိုင်စင် ထုတ်ပေးမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ ။ ။ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက ဆိုင်ကယ်ကာလပေါက်ဈေးအတိုင်း ဒဏ်ငွေဆောင်ပြီး လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမှတ်(၁၂)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့(ခွဲ) ဒုတိယ ရဲမှူး ဌေးရွှေက ပြောကြားသည်။

အဆိုပါ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ကို ကာလပေါက်ဈေး ၏ တစ်ဝက် နှုန်းဖြင့် ဒဏ်ရိုက် ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

ယင်း လိုင်စင်မဲ့မော်တော်ဆိုင် ကယ်၏ ကာလ ပေါက်ဈေးကို သတ်မှတ်ပေးရန် ယာဉ်ထိန်းရဲ တပ်ဖွဲ့ နှင့် အခြား အဖွဲ့ များ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းထား ပြီး ဖြစ်ကြောင်း ၎င်း ကရှင်း ပြသည်။

“သိန်းအစိတ်ဆိုရင် ဆယ့်နှစ် သိန်းခွဲ ဒဏ်ဆောင်ရမယ်၊ ဒဏ်ဆောင်ပြီးမှ ဒေသလိုင်စင် မွန်ဆိုတော့ မွန်

လိုင် စင်ထုတ်ပေးမယ်၊ မွန်ပြည်နယ်အတွင်းသွားဖို့အတွက်ပေါ့”ဟု ဦးဌေးရွှေက ပြောသည်။

ယင်းအပြင် မော်တော်ယာဉ် ဥပဒေများနှင့် ယာဉ် အန္တရာယ် ကင်းစင်ရေး အတွက် အသိပညာပေး လုပ်ငန်း များကို မွန်ပြည်နယ် အနှံ့အပြားတွင် လုပ်ဆောင်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

လိုင်စင်မဲ့ဆိုင်ကယ်များနှင့်ပတ်သက်ပြီး လိုင်စင်ပြုလုပ်ရေးသာမက ဖမ်းဆီးထိန်းသိမ်းရေးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို မော်တော်ယာဉ် ဥပဒေပါ အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဦးဌေးရွှေက ပြောသည်။

“တကယ်လို့ အသိပညာပေးပြီး ဖမ်းဆီးမယ်ဆိုရင်တော့ ဥပဒေအတိုင်း မှန်မှန် ကန်ကန် လုပ်မယ်ဆိုရင် လက် ခံနိုင်ပါတယ်၊ ပိုက်ဆံတွေချည်းပဲ ယူပြီးတော့ ဥပဒေအတိုင်း မလုပ်ဘူးဆိုရင်တော့ လက်မခံနိုင်ပါဘူး” ဟု လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်သူတစ်ဦးက ဟင်္သာမီဒီယာ သို့ပြောသည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၆၂) အရ ဒဏ်ငွေသုံးသောင်းထက်မပိုသော ငွေဒဏ်၊ တစ်လထက်မပိုသော ထောင်ဒဏ် သတ်မှတ်ထားကြောင်း ပါရှိသည်။

Credit :‪#‎HintharMedia‬
Writer - ‪#‎ရွှေရိုး‬

ပျားတောင်ဒေသခံ ၄ ထောင်ကျော် MCL ကို ကန့်ကွက်လက်မှတ်ရေးထိုး

3 March 2016

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် ဆောက်လုပ်လျက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လည်ပတ်ရန်အတွက် ကျောက်မီးသွေးအသုံးပြုမည်ကို ဒေသခံ ၄ ထောင်ကျော် ကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ထိုသို့ ကျောက်မီးသွေးအသုံးပြုခြင်းနှင့် ပတ်သက်၍၊ ဘိလပ်မြေစက်ရုံအနီးတဝိုက်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော့ရွာ၌ မတ်လ (၁) ရက်နေ့တွင်၎င်း၊ နိတုံကျေးရွာ၌ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့တွင်၎င်း ကျောက်မီးသွေးအကြောင်း ပညာပေးဟောပြောမှုများပြုလုပ်ခဲ့ပြီး စုပေါင်းကန့်ကွက်လက်မှတ်ရေးထိုးကြသည်ဟု ဟောပြောပွဲဖြစ်မြောက်ရေးလှုပ်ရှားသူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မိစန္ဒာနွန်က “ ကျောက်မီးသွေးအသုံးပြုတာကို ဒေသခံတွေ လက်မခံဘူး။ မလုပ်ဖြစ်အောင်ကို ဆန့်ကျင်သွားမယ်။ ကျောက်မီးသွေးအသုံးပြုမှာကို ဒေသခံတွေကို အသိပေးပြောပြခဲ့တာမရှိဘူး။ သူတို့အကွက်ချပြီး လှည့်စားသွားတယ်။ သံဃာတော်တွေလည်း လုံးဝလက်မခံဘူး။ သံဃာတွေကိုယ်တိုင် ဦးဆောင်ပြီး ပညာရှင်တွေကို ဖိတ်ခေါ်တယ်၊ လူထုတွေသိအောင် ဟောပြောရှင်းပြစေတယ်” ဟု ဆိုသည်။

အဆိုပါ ပူးပေါင်းကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ဒေသခံမွန်ရဟန်းသံဃာတော်များ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျားတောင်ဒေသအနီးတဝိုက်ရှိ နိတုံ၊ ကော့ဒွန်း၊ ကော့ပနော့၊ ပေါက်တော၊ ကွမ်ငန်း၊ ကော့ဝမ်း၊ အလှိုက် စသည့်ဒေသခံပြည်သူတို့၏ အသံကို တရားဝင်ဖြစ်မြောက်စေရန် အစိုးရထံတို့ တင်ပြသွားမည်ဟုလည်း သိရှိရသည်။

Credit :#မွန်သတင်းအေဂျင်စီ
Writer -#ကလျာ