Thursday, April 13, 2017

အနန်းကွင်း ကားတိုက်မှု

12/4/2017 (11:45)ခန့်တွင် ဘုရားသုံးဆူမြို့မှ နှစ်ကရင်ရွာသား(မင်းဇော်)ရေးမြို့နယ်နေသူမောင်းနှင်လာသော Hilux VIGobအမျိုးအစား
တခန်းခွဲယာဉ် အမှတ်(YGN_5C/1727)သည် အနန်းကွင်းကျေးရွာမှသံသံဖြူဇရပ်သို့သွားရာလမ်းအကွာအဝေး ၁ မိုင်ခန့်တွင် ကားရှေ့ဘီး ဘယ်ဘက်ပေါက်ပြီး ကားလိမ့်သွားရာ ကားတွင်လိုက်ပါစီးနင်းသူ နှစ်ကရင်ရွာနေ ဒေါ်ခင်မြင့်၄၄နှစ်မှာ(သေဆုံး)ပြီး လင်ဖြစ်သူ ကိုဝင်းမှာဦးခေါင်းနှင့်လက်ပေါက်ပြဲဒါဏ်ရာရပြီးသမီးဖြစ်သူ မပြည့်ပြည့်ငြိမ်း ၉ နှစ်မှာလည်း ဒါဏ်ရာအနည်းငယ်ရရှိသည်။တရွာတည်းနေသူ ခရီးသည် ဦးခင်မောင်ထွန်း ၃၇ နှစ်လည်း ဦးခေါင်းဒဏ်ရာရရှိပြီး အနန်းကွင်းတိုက်နယ်ဆေးရုံတွင်ဆေးကုသမှုခံယူပြီး သက်ဆိုင်ရာမိသားစုအိမ်များထံဆက်သွယ်အကြောင်းကြားသည်ဟုသိရသည်။ အနန်းကွင်းတပ်မတော်တပ်စခန်းမှ လဲညကားတိမ်းမှောက်စဉ် ငွေကြေးနှင့်ရွှေထည်များကိုထိမ်းသိမ်းပေးပြီးမူလပိုင်ရှင်များထံစီစစ်အပ်နှံပေးသွားမည်ဟုသိရှိရသည်။

No comments:

Post a Comment