12/4/2017 (11:45)ခန့်တွင် ဘုရားသုံးဆူမြို့မှ နှစ်ကရင်ရွာသား(မင်းဇော်)ရေးမြို့နယ်နေသူမောင်းနှင်လာသော Hilux VIGobအမျိုးအစား
တခန်းခွဲယာဉ် အမှတ်(YGN_5C/1727)သည် အနန်းကွင်းကျေးရွာမှသံသံဖြူဇရပ်သို့သွားရာလမ်းအကွာအဝေး ၁ မိုင်ခန့်တွင် ကားရှေ့ဘီး ဘယ်ဘက်ပေါက်ပြီး ကားလိမ့်သွားရာ ကားတွင်လိုက်ပါစီးနင်းသူ နှစ်ကရင်ရွာနေ ဒေါ်ခင်မြင့်၄၄နှစ်မှာ(သေဆုံး)ပြီး လင်ဖြစ်သူ ကိုဝင်းမှာဦးခေါင်းနှင့်လက်ပေါက်ပြဲဒါဏ်ရာရပြီးသမီးဖြစ်သူ မပြည့်ပြည့်ငြိမ်း ၉ နှစ်မှာလည်း ဒါဏ်ရာအနည်းငယ်ရရှိသည်။တရွာတည်းနေသူ ခရီးသည် ဦးခင်မောင်ထွန်း ၃၇ နှစ်လည်း ဦးခေါင်းဒဏ်ရာရရှိပြီး အနန်းကွင်းတိုက်နယ်ဆေးရုံတွင်ဆေးကုသမှုခံယူပြီး သက်ဆိုင်ရာမိသားစုအိမ်များထံဆက်သွယ်အကြောင်းကြားသည်ဟုသိရသည်။ အနန်းကွင်းတပ်မတော်တပ်စခန်းမှ လဲညကားတိမ်းမှောက်စဉ် ငွေကြေးနှင့်ရွှေထည်များကိုထိမ်းသိမ်းပေးပြီးမူလပိုင်ရှင်များထံစီစစ်အပ်နှံပေးသွားမည်ဟုသိရှိရသည်။
Thursday, April 13, 2017
အနန်းကွင်း ကားတိုက်မှု
Sunday, January 22, 2017
သို့ နေ့စွဲ22.01.2017 ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲချုပ်ခမျာ ဒီမူ့ခင်း တစ်ခုလုံးကိုတော့ ၅လောင်းပြိုင်လူသတ်မူ့လို အစအန ကွင်းဆက်မဖျောက်စေချင်ဘူးဗျာ လူကြီးတွေကို ရန်ငြိုးရှိလို့ သတ်ချင်တယ်ပဲထား အပြစ်မဲ့တဲ့ကလေးနှစ်ယောက်ကိုတော့ အခုလို ရက်ရက်စက်စက် သတ်သွားတာ အမြန်ဆုံးဖော်ထုတ် အရေးယူသင့်တဲ့ အမူ့တစ်ခုလို့ ပြည်သူလူထုက စိတ်ဝင်စားနေပါသောလည်း လူကြီးမင်းတို့ဘက်က အခုချိန်ထိ ဒီသတင်းနဲ့ပတ်သက်လို့ ဘာတစ်ခုမှကို ချပြတာ မရှိပါဘူး တရားခံဘယ်သူလည်းဆိုတာ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတယ်ဆိုတာ မေ့နေမှာဆိုးသဖြင့် လေးလေးနက်နက် တင်ပြအပ်ပါတယ်။ အမြန်ဆုံးလည်း ဖော်ထုတ်ပေးပါ။ တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်ကြသူများကွန်ယက်
Subscribe to:
Posts (Atom)