Thursday, April 13, 2017
အနန်းကွင်း ကားတိုက်မှု
12/4/2017 (11:45)ခန့်တွင် ဘုရားသုံးဆူမြို့မှ နှစ်ကရင်ရွာသား(မင်းဇော်)ရေးမြို့နယ်နေသူမောင်းနှင်လာသော Hilux VIGobအမျိုးအစား
တခန်းခွဲယာဉ် အမှတ်(YGN_5C/1727)သည် အနန်းကွင်းကျေးရွာမှသံသံဖြူဇရပ်သို့သွားရာလမ်းအကွာအဝေး ၁ မိုင်ခန့်တွင် ကားရှေ့ဘီး ဘယ်ဘက်ပေါက်ပြီး ကားလိမ့်သွားရာ ကားတွင်လိုက်ပါစီးနင်းသူ နှစ်ကရင်ရွာနေ ဒေါ်ခင်မြင့်၄၄နှစ်မှာ(သေဆုံး)ပြီး လင်ဖြစ်သူ ကိုဝင်းမှာဦးခေါင်းနှင့်လက်ပေါက်ပြဲဒါဏ်ရာရပြီးသမီးဖြစ်သူ မပြည့်ပြည့်ငြိမ်း ၉ နှစ်မှာလည်း ဒါဏ်ရာအနည်းငယ်ရရှိသည်။တရွာတည်းနေသူ ခရီးသည် ဦးခင်မောင်ထွန်း ၃၇ နှစ်လည်း ဦးခေါင်းဒဏ်ရာရရှိပြီး အနန်းကွင်းတိုက်နယ်ဆေးရုံတွင်ဆေးကုသမှုခံယူပြီး သက်ဆိုင်ရာမိသားစုအိမ်များထံဆက်သွယ်အကြောင်းကြားသည်ဟုသိရသည်။ အနန်းကွင်းတပ်မတော်တပ်စခန်းမှ လဲညကားတိမ်းမှောက်စဉ် ငွေကြေးနှင့်ရွှေထည်များကိုထိမ်းသိမ်းပေးပြီးမူလပိုင်ရှင်များထံစီစစ်အပ်နှံပေးသွားမည်ဟုသိရှိရသည်။
Sunday, January 22, 2017
သို့ နေ့စွဲ22.01.2017 ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲချုပ်ခမျာ ဒီမူ့ခင်း တစ်ခုလုံးကိုတော့ ၅လောင်းပြိုင်လူသတ်မူ့လို အစအန ကွင်းဆက်မဖျောက်စေချင်ဘူးဗျာ လူကြီးတွေကို ရန်ငြိုးရှိလို့ သတ်ချင်တယ်ပဲထား အပြစ်မဲ့တဲ့ကလေးနှစ်ယောက်ကိုတော့ အခုလို ရက်ရက်စက်စက် သတ်သွားတာ အမြန်ဆုံးဖော်ထုတ် အရေးယူသင့်တဲ့ အမူ့တစ်ခုလို့ ပြည်သူလူထုက စိတ်ဝင်စားနေပါသောလည်း လူကြီးမင်းတို့ဘက်က အခုချိန်ထိ ဒီသတင်းနဲ့ပတ်သက်လို့ ဘာတစ်ခုမှကို ချပြတာ မရှိပါဘူး တရားခံဘယ်သူလည်းဆိုတာ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတယ်ဆိုတာ မေ့နေမှာဆိုးသဖြင့် လေးလေးနက်နက် တင်ပြအပ်ပါတယ်။ အမြန်ဆုံးလည်း ဖော်ထုတ်ပေးပါ။ တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်ကြသူများကွန်ယက်
လေးလောင်းပြိုင်
Friday, October 21, 2016
သရဲဝင်ပူးနေသည်ဟုဆိုကာ ပရောဂဆရာမှ ရိုက်နှက်ကုသ၍ ကလေး ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
သရဲဝင်ပူးနေသည်ဟုဆိုကာ ပရောဂဆရာမှ ရိုက်နှက်ကုသ၍ ကလေး ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
21.10.2016
ဒဏ်ရာရ မိန်းကလေးငယ်၏ မိခင်မှ တစ်ဆင့် အကြောင်းစုံကို သိရှိရ၍ မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များမှ သရဲဝင်ပူးသည်ဆို၍ လက်လွန်သေဆုံးမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သော တွံတေးဝကျေးရွာ မိုင်တိုင်၂၀ ရှိ ကိုစိုးမင်း၏နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါသည်။
လွန်ခဲ့သည့်၎ရက်ခန့်က ကလေးငယ်များ အမှောင့်ပယောကဝင်ပူးသည်ဆို၍ ပယောဂဆရာ တရားခံထွန်းနိုင်မှ ကလေးငယ်များအား ပရောဂထုတ်ရာမှ အသက်၂နှစ်၊ ၃နှစ်၊ ၄နှစ်အရွယ်ရှိ ကလေးငယ် သုံးဦးသေဆုံးခဲ့ပြီး မျက်စိဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် မိန်းကလေး၁ဦးအား တွံတေးဆေးရုံ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ စိတ္တသုခလူမှုကူညီရေးအသင်းမှ အချိန်မှီသွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။
ပယောဂဆရာ တရားခံထွန်းနိုင်
သေဆုံးခဲ့သည် ကလေးငယ် ၃ဦးမှ ၂ဦးအား မြေမြုပ်ကာ ၁ဦးကို တူးမြောင်းအတွင်းသို့ မျှောခဲ့သည်ဟုလဲ သိရှိရပါသည်။ ဒဏ်ရာရခဲ့သည် မိန်းကလေးငယ်လေးမှာလဲ မျက်စိနှစ်လုံးမှာတော်တော်လေးကို ထိခိုက်မှုပြင်းထန်သည်ဟုသိရပါသည်။
သစ်ထူးလွင်
ဓါတ်ပုံ - Nwe Mar Myint
Thursday, May 5, 2016
သို့ /
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ
ပြည်ထဲရေးဝန်ကြီး
ဦးသိန်းဆွေ
ပြည်ထောင်စုဝန်ကြီး
ဦးမင်းမင်းဦး
မွန်ပြည်နယ်ဝန်ကြီးချု ပ်
အကြောင်းအရာ။    ။မော်လမြိုင်လဝကတွင်မှတ်ပုံတင်ပြုလုပ်ပါကအမှန်
                                 တကယ်ပေးရသောဈေးးနှုံးကိုအနီးစပ်ဆုံးတင်ပြခြင်းနှင့်
                                ထိရောက်သောစုံစမ်းစစအရေးယူမှုပြုလုပ်သင့်ကြောင်း
                                တင်ပြခြင်း
  ဟင်္သာမီဒီယာဂျာနယ်ဧ။် 2.5.2016 ရက်စွဲဖြင့်ဖော်ပြထားသော
မျက်နှာဖုံးသတင်းအရ   အဂတိလိုက်စားမှုအများဆုံးမွန်ပြည်နယ်မော်လမြိုင်လဝက
ကိုဝန်ကြီးချုပ်မှစုံစမ်းစစ်ဆေးမည်ဟုကြားသိရပါသည်။
မော်လမြိုင်လဝကတွင်မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက
ယနေ့ထိပေါက်ဈေးမှန်မှာ
မြန်မာပြည်ဖွားမုတ်ဆိတ်ပါတဲ့ကုလားစစ်စစ်ဆိုရင်ငါးသိန်း
မြန်မာပြည်ဖွားတရုတ်စစ်စစ်ဆိုရင်ငါးသိန်း
နဲနဲပါးပါးသွေးနှောရင်ရှစ်သောင်း။
ပုံမှန်နိုင်ငံသားဆိုရင်သုံးသောင်း။
ဘာမှမပါဘဲလုပ်ရင်ငါးသောင်း
သန်းကောင်စာရင်းလုပ်ရင်သုံးသောင်း
မွေး/တိုး လုပ်ရင်နှစ်သောင်း
မြို့နယ်ဦးစီးမှူးးကိုတိုက်ရိုက်မပေးရပါ
တိုက်နယ်မှူးး ဒါမှမဟုတ်ကုလားမောင်မောင်လို
လဝကပြုတ်ကုလားမ ခင်သီတာမော်လို
မိတ္တူဆိုင်က ကိုထိုက်လိုမှတ်ပုံတင်ပွဲစားကတဆင့်အမှန်တကယ့်ပေးရပါသည်။
    တကယ်အရေးယူသင့်တာကအခုတလောface book မှာတွေ့နေရတဲ့
min kyaw zawe account ပိုင်ရှင်က တင်ထားတဲ့
မော်လမြိုင်လဝကမြို့နယ်ဦးစီးဦးမြင့်အောင်က
မှတ်ပုံတင်ကိစ္စအကြောင်းပြပြီးလာဘ်ငွေသိန်းချီတောင်း
တာသူကမပေးနိုင်ဘူးပြောလို့ဦးမြင့်အောင်ကအငြိုးထားပြီး
မှတ်ပုံတင်အတုသုံးခုလုပ်ပြီးကိုင်တယ်လို့ဝါဒဖြန့်ကာ
ထင်ယောင်ထင်မှားဖြစ်အောင်မိတ္တူတွေထုတ်ပေးပြီး
ဲ့ရဲအရာခံမိုးမိုးခိုင်အမည်နဲ့တိုင်စေခဲ့ကြောင်း
    အဲဒီတိုင်စာကိုပြည်နယ်ရဲမှာတကြိမ်နဲ့ပြည်နယ်လဝကမှာတကြိမ်
နှစ်ကြိမ်စုံခုံဖွဲ့စစ်တာ လဝကအားနည်းချက်သာပေါ်ခဲ့ပြီး တိုင်စာမမှန်လို့အရေးမယူခဲ့ကြောင်း  
မှတ်ပုံတင်အတုနဲ့ဘဏ်ကသိန်းငါးထောင်လိမ်ထုတ်တဲ့ကုလားလို
ပစ်စာနဲ့ထပ်တိုင်တော့တတိယအကြိမ်လာစစ်တဲ့စီအိုင်ဒီရဲမှူးမိုးအောင်နဲ့ဦးမြင့်အောင်
ပေါင်းပြီး သူ့ကိုကုလားလို့ဝါဒဖြန့်လို့ရခိုင်ဘင်္ဂါလီလူမျိုးရေးဂယက်ထဲဆွဲသွင်းကီာ
တရားစွဲစေအောင်ဖန်တီးခဲ့လို့နစ်နာခဲ့ရကြောင်း
  ဦးမြင့်အောင်ပေးတဲ့ငွေဆယ်သိန်းနဲ့ black label တစ်ပုလင်းကိုစီအိုင်ဒီရဲမှုးမိုးအောင်ကယူပြီး
တာဝန်ရှိသူလဝကဝန်ထမ်းတွေကိုအရေးမယူဘဲအောက်ခြေလဝက ဝန်ထမ်းပြုတ်
နှစ်ဦးကိုသာထိုးကျွေးပြီးရဲမှူးမိုးအောင်ကတရားစွဲခဲ့ကြောင်း
သူကုလားမဟုတ်ကြောင်း မှတ်ပုံတင်အတုမဟုတ်ကြောင်းတခုထဲဖြစ်ကြောင်း ငွေလိမ်ထုတ်တာမဟုတ်ကြောင်းအပြစ်မရှိကြောင်းကိုသူ့မိခင်ကသမ္မတဆီတိုင်လို့
သမ္မတရုံးအမိန့်နဲ့
စစစ ကသေချာပြန်စစ်ပေးလို့ဖြစ်စဉ်အမှန်ပေါ်ပြီးမွန်ပြည်နယ်
တရားသူကြီးချု ပ်ကိုယ်တိုင်လူသားချင်းစာနာစိတ်ဖြင့်တရားမျှ
တမှုကိုရှေးရှုပြီးလွှတ်ပေးခဲ့ကြောင်း
တရားသူကြီးချုပ်ကငွေသိန်းငါးရာလာဘ်စားပြီးလွှတ်ပေး
တာလို့ဦးမြင့်အောင်ကမကျေနပ်လို့ပစ်စာဖြင့်ထပ်တိုင်ခဲ့ကြောင်း
သူက လဝကဝန်ကြီးဦးခင်ရီဆီပြန်တိုင်တော့
ဦးမြင့်အောင်ခေါင်းရှောင်လို့မော်လမြိုင်လဝကဒုဦးစီးနဲ့တိုက်နယ်မှုးကိုပြစ်ဒဏ်ဖြင့်ု ကယားပို့ခဲ့ကြောင်း ရာထူးဌာနအားကိုးနဲ့ပြည်သူကိုအနိုင်ကျင်ပြီး လဝကဌာနကိုအရှက်ကွဲအောင်လုပ်ခဲ့တဲ့
ဦးမြင့်အောင်ကိုညွှန်ချု ပ်    နဲ့ပိုင်လို့အရေးမယူဘဲရာထူးတဆင့်တိုးပေးခဲ့ကြောင်းသူ့ကိုတရားစွဲခဲ့တဲ့ပုဒ်မတွေဲက  သထုံကအမျိုးသမီးတယောက်ရဲ့မှတ်ပုံတင်မှန်းသိရဲ့သားနဲ့ပွားပြီးကိုင်တဲ့
မော်လမြိုင်လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးဝင်းလွင်ဦး
လောက်သူ့မှာအပြစ်မကြီးကြောင်း ဦးဝင်းလွင်ဦးကိုတစုံတရာအရေးယူခြင်းမရှိကြောင်း
တွေရေးထားလို့ဘယ်သူမှန်တယ်ဘယ်သူ
ူမှားတယ်ဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်
       စီအိုင်ဒီကရဲမှူးးမိုးအောင်ကလဲဦးမြင့်အောင်ဆီကဲ လာဘ်ငွေဆယ်သန်ယူပြီးဦီးမြင့်အောင့်
ချွန်တွန်းလုပ်ပြောသမျှကိုယုံကြည်ပြီးတရားစွဲခဲ့တာဆိုရင်
ရဲမှူးမိုးအောင်ကိုပြည်ထဲရေးဝန်ကြီးကအရေးယူသင့်ပါတယ။်အဲဒီပြသနာကိုလဝက
လောင်းရိပ်ကင်းတဲ့သမာသမတ်ကျတဲ့အဖွဲ့နဲ့စစ်ဆေးသင့်ပါတယ်။
account ပိုင်ရှင်ကမော်လမြိုင်မြို့မှာနှစ်ပေါင်းသုံးဆယ်လောက်အခြေချနေထိုင်ခဲ့သူ
လုပ်ငန်းရှင်တယောက်ဖြစ်ပြီးမော်လမြိုင်မြို့မှာလူသိများတဲ့
သူဖြစ်ကာသူတင်တဲ့စာမမှန်ရင်အရေးယူခံမယ်လို့ကြေငြာထားလို့
သူတင်တဲ့စာကိုတာဝန်ယူတဲ့သဘောရှိပါတယ်
   သူ့အကြောင်းသတင်းမှားတွေရေးတဲ့နာမည်ကြီးဂျာနယ်တစောင်ရဲ့
အယ်ဒီတာချု ပ်ကို2013 သူအချု ပ်တရားခံဘဝမှာတောင်တရားစွဲခဲ့လို့
ဂျာနယ်မျက်နှာဖုံးသတင်းနဲ့အချုပ်တရားခံသူ့ကိုတောင်းပန်ခဲ့ရတဲ့မဟုတ်မခံစိတ်ရှိသူပါ ။
yangon timeဂျာနယ်hot newဂျာနယ်တွေကလဲသူနဲ့ပတ်သတ်တဲ့သတင်းမှန်ပြန်ရှင်းထားပေးပါတယ်ဲ
်ဟသာင်္မီဒီယာဂျာနယ်ပါအတိုင်းဆိုရင်လဝကရဲ့လာဘ်ပေးလာဘ်ယူမှုကို
လဝကကိုဘဲပြန်စစ်ခိုင်းရင်သူတို့အချင်းချင်း
ညှိပြီးတင်တဲ့သုံးသပ်တင်ပြချက်ဘဲဝန်ကြီးချုပ်ဆီကိုရောက်မှာဖြစ်ပြီးလစာဖြင့်သာ
မှန်မှန်ကန်ကနရပ်တည်ပြီ်းကြိုးစားနေသောဝန်ထမ်းများနစ်နာမည်ဖြစ်ကြောင်း
အရင်လိုဘဲလူကြီးကိုလိမ်ပြီးတင်ပြနေကြတာကိုယုံကြည်ပြီ်းနေရင် NLD အစိုးရသိက္ခာကျမည်ဖြစ်ကြောင်းနဲ့
ကျားကိုနွားကျောင်းခိုင်းသလို သူခိုးကိုဘဏ္ဍစိုးအပ်သလို
ိုမဖြစ်စေလိုကြောင်းပြည်ထောင်စုဝန်ကြီးများနှင့်မွန်ပြည်နယ်ဝန်ကြီးချု ပ်သို့တင်ပြအကြံပြုပါသည်ခင်ဗျာ ။
                                                   လေးစားစွာဖြင့်
                                                                             ဝန်ထမ်းဟောင်းတဦး
"ပြည်တွင်းပြည်ပ အလည်ခရီးသွားများ သိရှိသူနည်းနေသေးသော ဖားဘောင်ဂူနှင့် ဘုရားများ "
မေလ ၃ ရက် ၂၀၁၆
ဖားဘောင်ဂူသည် ကျိုက်မရောမြို့တစ်ဖက်ကမ်း လမုခိုကျေးရွာအုပ်စု ၊ ၀ါးပျံကုန်းကျေးရွာအနီးတွင် တည်ရှိသည်။ ဂူဝင်ပေါက်သုံးပေါက် ရှိသည့်အနက် အကြီးဆုံးဝင်ပေါက်ဖြစ်သော အရှေ့မျက်နှာစာဂူဝင်ပေါက်ကြီးသည် အကျယ်ပေ ၂၀ ခန့် ၊အမြင့်ပေ ၈၀ ခန့် ရှိသည်ဟု ဆိုသည်။ဂူအတွင်းပိုင်း၌ သဘာဝအတိုင်း အကန့်လိုက်ခွဲထားသလို ဖြစ်သော လှိုဏ်ဂူများစွာ ရှိပါသေးသည်။
၎င်းတို့မှာ ဘုရားလောင်းလျောင်းနေသောဟန် အတိုင်း သဘာဝဖြစ်တည်နေတာမို့ ထိုဂူကို လျောင်းတော်မူဂူ၊ဇော်ဂျီဖိုထိုးနေသော ပုံစံနှင့်တူသော ဂူကို ဇော်ဂျီဂူ ၊နန်းတော်တခုနှယ် ပလ္လင်နန်းပါသော ဂူကို နန်းတော်ဂူ၊ ဟင်္သာမိသားစု နားနေသော ပုံစံဖြစ်နေသောဂူကို ဟင်္သာဂူ၊ စတိတ်စင်မြင့်တခုပါပြီး ပွဲကြည့်ပရိတ်သတ် သိန်းချီဆံ့အောင် ကျယ်ဝန်းသောဂူကို စတိတ်ဂူ၊ သက်ရှိငါးများ သဘာဝအတိုင်း ဂူရေအိုင်ထဲ၌ နေထိုင်နေသောဂူကို ငါးဂူ၊ ဂူအတွင်း၌ဖြစ်သော်လည်း ထိုဂူမှာ လင်းလင်း ချင်းချင်းဖြစ်နေသောကြောင့် ထိုဂူကို မွန်းတည့်ဂူ ၊ လင်းနို ငှက်များ သိန်းသန်းမက စုပေါင်းနေထိုင်သော ဂူကို လင်းနို့ဂူ ဟုခေါ်သည်။ ဖားဘောင်ဂူပွဲတော်ရက်မှာ တန်ခူးလဆန်း ၉ရက်နေ့မှ ၁၅ ရက်နေ့ထိဖြစ်သည်။ ကျိုက်မရောကမသွားပဲခရုံဂူလမ်းခွဲကနေ ဝါးပျံကုန်းကျေးရွာကို ကားလမ်းအတိုင်းတိုက်ရိုက်သွား၍ရောက်ပါသည်။
Credit-#မွန်ပြည်နယ်အထင်ကရနေရာများ
Saturday, March 26, 2016
" တာဝန်ခံမှုမရှိသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် #ကျောက်မီးသွေးလောင်စာသုံး MCLဘိလပ်မြေစက်ရုံ ဖွင့်လှစ် "
မတ်လ ၂၆ရက် ၂၀၁၆
ကျိုက်မရောမြို့နယ်တွင် ဆောက်လုပ်ထားသော MCLဘိလပ်မြေစက်ရုံအား . . .
ပြည်သူဆန္ဒမပါ.ပြည်သူသဘောမတူ.ပြည်သူမျက်နှာမကြည်သူများ၏လုပ်ဆောင်မှု . . .
၂၆.၃.၂၀၁၆နံနက်၉နာရီတွင်ကျိုက်မရောမြို့နယ်ကော်ပနော်ကျေးရွာအနီးSCG/MCLဘိလပ်မြေစက်ရုံအားမွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ဖွင့်လှစ်ခဲပါသည်။
ဒေသခံ၄၀၀၀ကျော်ကန့်ကွက်နေသည်ကြားက
ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓာတ်အားပေစက်ရုံကြီးလည်ပတ်နေပါပြီး.မိမိ၏အကျိုးစီပွားကိုအလေးထားပြီး.ဒေသခံဆန္ဒကိုအလေးမထား လုပ်ချင်တာ လုပ်လို့ရနေပါတယ်။
MCLဘိလပ်မြေစက်ရုံကြီးအား မကြာခင်
ပြင်းထန်စွာကန့်ကွက်ဆန္ဒပြခံစားရတော့မည်။
သဘာဝပတ်ကျင်းများထိခိုက်ခြင်း . . .
သယံဇတများပျက်စီးခြင်း . . .
အထ္ထရံမြစ်ကြီးပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရပါတော့မည်။
မိုင်၁၀၀ပတ်လည်က ဒေသခံတွေနဲ့ သားငါးတိရိတ္ဆာန်တွေ ဒုက္ခရောက်တော့မှာ
ဖြစ်ပါသည်။
ထို့ကြောင့် #အပြင်းအထန်ရှုပ်ချပါသည်။
By - #ကျိုက်မရော/မုဒုံ သတင်းစုံ
Tuesday, March 22, 2016
ကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း
23.3.2016
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ရေလုပ်သားများ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်လျှက်ရှိသော အတ္ထရံ မြစ်တွင် ပြဿနာများဖြစ်ပေါ်လာပါက အတူတကွဖြေရှင်းနိုင်ရန် ‘မိခင်အတ္ထရံ ရေလုပ်သားအသင်း’ ကို မတ်လ (၂၂) တွင် ကျိုက်မရောမြို့၊ အတ္ထရံခန်းမတွင် ဖွဲ့စည်းခဲ့သည်။
မိခင်အတ္ထရံ ရေလုပ်သားအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က “ကျွန်တော်တို့ အခုကြုံတွေ့နေရတာက ဒီ MCL ကုမ္ပဏီက သင်္ဘောတ္ပွေပါ။ သင်္ဘောတွေကို မြန်နှုန်းမြင့်နဲ့မောင်းနေတယ်။ မြန်တော့ လှိုင်းကြီးလာတယ်။ အဲဒီ တော့ ကျွန်တော်တို့လှေငယ်တွေ မြုပ်သွားတယ်။ ဒီသင်္ဘောတွေ အတတ်နိုင်ဆုံး အနှေးဆုံးနှုန်းနဲ့ မောင်းပေး နိုင်ဖို့အတွက်နဲ့ ပြဿနာဖြစ်လာရင်လည်း ရေလုပ်သားတွေ အတူဖြေရှင်းနိုင်ဖို့ ဒီအသင်းကို ဖွဲ့စည်းရခြင်း ဖြစ် တယ်” ဟု ဆိုသည်။
မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သင်္ဘောများ မြစ်အတွင်းမြန်နှုန်းမြင့် သွားလာခြင်းကြောင့် လှေငယ်များ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။
မိခင်အတ္ထရံ ရေလုပ်သားအသင်း ဘဏ္ဍာရေးမှူး ကိုမြတ်မိုး က “MCL ပစ္စည်းတင်သင်္ဘောကြောင့် ကျွန်တော်တို့ ပိုက်မျှောရတဲ့အချိန် နှောင်နှေးတယ်။ သင်္ဘောကြီးတွေ မောင်းနှုန်းမြန်တော့ လှိုင်းတွေကြီးစေတယ်။ အဲဒီလှိုင်းကြောင့် စက်လှေငယ်တွေ လည်း နစ်မြုပ်ခဲ့သလို ပိုက်တွေလည်းကွဲဖူးတယ်။ လှေတောင် ဝမ်းဗိုက်ကွဲပြီးမြုပ်ခဲ့ဘူးတယ်။ ဒီကိစ္စကို ကျွန် တော်တို့ အထက်ထက်ကိုတင်ပြသော်လည်း တရားဝင်အသင်းအဖွဲ့မရှိတော့ ထူးမလာဘူး” ဟု ဆိုသည်။
ကျိုက်မရောမြို့တွင် ယခင်က ရေလုပ်သားအသင်းအဖွဲ့ ရှိခဲ့သော်လည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိခဲ့ပါ။ ယခု ‘မိခင် အတ္ထရံ ရေလုပ်သားအသင်း’ ကို သက်ဆိုင်ရာအစိုးရဋ္ဌာနတွင် တရားဝင်မှတ်ပုံတင်သွားမည်ဟု ဆိုသည်။
မိခင်အတ္ထရံ အသင်းအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် (၉) ဦးနှင့် ဖွဲ့စည်းထားပြီး တရားဝင်အသင်းအဖွဲ့မှတ်ပုံတင် နိုင်ရန်အတွက် အလုပ်အမှုဆောင်ကော်မတီဝင်အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းလျှက် ရှိသည်။
MCL သင်္ဘောသွားလာခြင်းကြောင့် လှေငယ် အစီး (၂၀) ခန့် နစ်မြုပ်ခဲ့၍ ထိုမြုပ်သွားသော လှေပြဿနာနှင့် တခြားကိစ္စများကို ညှိ့နှိုင်းဖြေရှင်းနိုင်ရန် လာမည့် မတ်လ (၂၄/၂၅) ရက်တွင် MCL ဘိလပ်မြေ ကုမ္ပဏီ တာဝန်ရှိသူနှင့် မိခင်အတ္ထရံအသင်းအဖွဲ့တို့ ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ တွေ့ဆုံကြမည်ဟု သိရသည်။
#မွန်သတင်းအေဂျင်စီ
ရေးသားသူ -#မွန်ထော
ပုံ - မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်းစဉ်