Thursday, May 5, 2016

"ပြည်တွင်းပြည်ပ အလည်ခရီးသွားများ သိရှိသူနည်းနေသေးသော ဖားဘောင်ဂူနှင့် ဘုရားများ "

မေလ ၃ ရက် ၂၀၁၆

ဖားဘောင်ဂူသည် ကျိုက်မရောမြို့တစ်ဖက်ကမ်း လမုခိုကျေးရွာအုပ်စု ၊ ၀ါးပျံကုန်းကျေးရွာအနီးတွင် တည်ရှိသည်။ ဂူဝင်ပေါက်သုံးပေါက် ရှိသည့်အနက် အကြီးဆုံးဝင်ပေါက်ဖြစ်သော အရှေ့မျက်နှာစာဂူဝင်ပေါက်ကြီးသည် အကျယ်ပေ ၂၀ ခန့် ၊အမြင့်ပေ ၈၀ ခန့် ရှိသည်ဟု ဆိုသည်။ဂူအတွင်းပိုင်း၌ သဘာဝအတိုင်း အကန့်လိုက်ခွဲထားသလို ဖြစ်သော လှိုဏ်ဂူများစွာ ရှိပါသေးသည်။

၎င်းတို့မှာ ဘုရားလောင်းလျောင်းနေသောဟန် အတိုင်း သဘာဝဖြစ်တည်နေတာမို့ ထိုဂူကို လျောင်းတော်မူဂူ၊ဇော်ဂျီဖိုထိုးနေသော ပုံစံနှင့်တူသော ဂူကို ဇော်ဂျီဂူ ၊နန်းတော်တခုနှယ် ပလ္လင်နန်းပါသော ဂူကို နန်းတော်ဂူ၊ ဟင်္သာမိသားစု နားနေသော ပုံစံဖြစ်နေသောဂူကို ဟင်္သာဂူ၊ စတိတ်စင်မြင့်တခုပါပြီး ပွဲကြည့်ပရိတ်သတ် သိန်းချီဆံ့အောင် ကျယ်ဝန်းသောဂူကို စတိတ်ဂူ၊ သက်ရှိငါးများ သဘာဝအတိုင်း ဂူရေအိုင်ထဲ၌ နေထိုင်နေသောဂူကို ငါးဂူ၊ ဂူအတွင်း၌ဖြစ်သော်လည်း ထိုဂူမှာ လင်းလင်း ချင်းချင်းဖြစ်နေသောကြောင့် ထိုဂူကို မွန်းတည့်ဂူ ၊ လင်းနို ငှက်များ သိန်းသန်းမက စုပေါင်းနေထိုင်သော ဂူကို လင်းနို့ဂူ ဟုခေါ်သည်။ ဖားဘောင်ဂူပွဲတော်ရက်မှာ တန်ခူးလဆန်း ၉ရက်နေ့မှ ၁၅ ရက်နေ့ထိဖြစ်သည်။ ကျိုက်မရောကမသွားပဲခရုံဂူလမ်းခွဲကနေ ဝါးပျံကုန်းကျေးရွာကို ကားလမ်းအတိုင်းတိုက်ရိုက်သွား၍ရောက်ပါသည်။

Credit-#မွန်ပြည်နယ်အထင်ကရနေရာများ

No comments:

Post a Comment